ဧဖက်

Chapter 3

1 ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။-

2 သင်​တို့​အ​ကျိုး​ကို ထောက်၍ ငါ့​အား​အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သာ​သ​နာ​ကို သင်​တို့ ကြား​သိ​ရ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​ဖြစ်​သော သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ၏။-

3 ကျေး​ဇူး​တော်​သာ​သ​နာ​ကို အပ်​ပေး​သည် အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​သည်​အ​ထက်​က အ​နည်း​ငယ် ရေး​ထား​ခဲ့​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရာ​ကို ငါ့​အား​ပြ​တော်​မူ၏။-

4 ထို​စ​ကား​ကို​ဖတ်​ရွတ်​လျှင်၊ ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ၌ ငါ​လေ့​ကျက်​သည်​ကို သင်​တို့​သည် သိ​ရ​ကြ​မည်။-

5 ထို​နက်​နဲ​သော​အ​ရာ​ကို သန့်​ရှင်း​သော တ​မန်​တော်​တို့​နှင့် ပ​ရော​ဖက်​တို့​အား၊ ယ​ခု​ကာ​လ၌ ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွင့်​လှစ်​တော်​မူ​သည်​နည်း​တူ၊ အ​ခြား​သော​ကာ​လ​တို့၌ လူ​မျိုး​တို့​အား ပြ​တော်​မ​မူ။-

6 ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ယု​ဒ​လူ​မျိုး​တို့​နှင့်​အ​တူ အ​မွေ​ခံ၍၊ တစ်​လုံး​တစ်​ဝ တစ်​ကိုယ်​တည်း​ဖြစ်​လျက်၊ ခ​ရစ်​တော်​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ဆက်​ဆံ​ရ​ကြ​သ​တည်း။-

7 တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့် ငါ့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ထို​တ​ရား​ကို ဟော​ပြော​သော ဆ​ရာ၏​အ​ဖြစ်​သို့ ငါ​ရောက်​ရ​ပြီ။-

8 ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့်​တိုး​ဝင်၍ အ​သ​နား​တော်​ခံ​ရ​သော အ​ခွင့်​ကို​ရ​ကြ​ပြီ။-

9 ထို​ကြောင့် သင်​တို့၏​အ​သ​ရေ​ကို ပြု​စု၍ သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​မြင်​လျှင်၊ ရွေ့​လျော့​သော စိတ်​မ​ရှိ​ကြ​ပါ​စေ​နှင့်။

10 ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊-

11 ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊-

12 သင်​တို့​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ နည်း​တူ၊ အ​နံ​အ​လျား အ​နက်​အ​မြင့်​တို့​ကို ပိုင်း​ခြား၍ သိ​ခြင်း​ငှာ​လည်း​ကောင်း၊-

13 ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-

14 ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-

15 ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သင်း​တော်၌ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။