ကောလောသဲ

Chapter 1

1 ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊-

2 ကော​လော​သဲ​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​သော​ညီ​အစ်​ကို​တို့​ကို ကြား​လိုက်​ပါ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။

3 ထို​တ​ရား​သည် လော​ကီ​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​သည်​နှင့်​အ​ညီ၊ သင်​တို့​ရှိ​ရာ​သို့ ရောက်​ခဲ့​ပြီ။ သင်​တို့၌ အ​သီး​သီး​ခြင်း၊ တိုး​ပွား​ခြင်း​ကို ပြု​သည်​နည်း​တူ အ​ရပ်​ရပ်၌​ပင် ပြု​တတ်၏။-

4 သင်​တို့​အ​မှု​ကို စောင့်၍၊ ခ​ရစ်​တော်​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​တို့​ချစ်​သော ကျွန်​ချင်း ဧ​ပ​ဖြ​သည် သင်​တို့​ကို သွန်​သင်​သည်​အ​တိုင်း သင်​တို့​သည် ကြား၍၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မှန်​ကန်​စွာ ဝန်​ခံ​သော​နေ့​မှ​စ၍ ထို​သို့​သော​အ​ကျိုး​ရှိ၏။-

5 သင်​တို့၌​ရှိ​သော ဝိ​ညာဉ်​ပ​က​တိ​မေ​တ္တာ​ကို ဧ​ပ​ဖြ​သည် ငါ​တို့​အား​ပြ​ခဲ့​ပြီ။

6 အ​လင်း၌​နေ​သော သန့်​ရှင်း​သူ​တို့၏​အ​မွေ​ကို ငါ​တို့​သည် ဆက်​ဆံ​ဝင်​စား​ထိုက်​မည်​အ​ကြောင်း ကျေး​ဇူး​ပြု​တော်​မူ၏။-

7 မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။-

8 ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။

9 ထို​သား​တော်​သည် မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​ဖြစ်၏။ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​တွင်​လည်း သား​ဦး​ဖြစ်​တော်​မူ၏။-

10 အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​သည် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရူ​ပ​အ​ရာ၊ အ​ရူ​ပ​အ​ရာ၊ ရာ​ဇ​ပ​လ္လင်​ဖြစ်​စေ၊ အ​စိုး​ရ​ခြင်း​တန်​ခိုး​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​စက်​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ဖန်​ဆင်း​လျက်​ဖြစ်​ကြ၏။-

11 သား​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ မ​ဖြစ်​မီ ဖြစ်​တော်​မူ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​အား​ဖြင့်​သာ တည်​ကြ၏။-

12 အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်၏​ဦး​ခေါင်း ဖြစ်​တော်​မူ၏။ အ​ရာ​ရာ၌ ထူး​မြတ်​ခြင်း​ငှာ မူ​လ​အ​ရင်း​ဖြစ်၍၊ သေ​သော​သူ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ၏။-

13 အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်၌ ကျိန်း​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

14 လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။

15 အ​ထက်​က ဘု​ရား​သ​ခင်​နှင့်​ကွာ​ရှင်း၍၊ ဆိုး​ညစ်​သော​အ​ကျင့်​ကို ကျင့်​သ​ဖြင့် စိတ်​နှ​လုံး၌ ရန်​သူ​ဖြစ်​သော သင်​တို့​ကို၊ ကိုယ်​ခ​န္ဓာ​တော်၌ အ​သေ​ခံ​တော်​မူ​သော အား​ဖြင့်၊ ယ​ခု မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။-

16 ငါ​ပေါ​လု​သည် ထို​တ​ရား​ကို ဟော​သော​ဆ​ရာ​ဖြစ်​သည်​နှင့် သင်​တို့​အ​ဖို့​အ​လို​ငှာ ဆင်း​ရဲ​ခံ​ခြင်း၌ ယ​ခု​ဝမ်း​မြောက်၍၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​အ​ကြွင်း​အ​ကျန်​ကို အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ ငါ့​ကိုယ်​ခ​န္ဓာ၌ ပြည့်​စုံ​စေ၏။-

17 တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။-

18 ခ​ရစ်​တော်​အား​ဖြင့် လူ​တိုင်း​စုံ​လင်​ခြင်း​သို့ ရောက်၍ လူ​ခပ်​သိမ်း​တို့​ကို ဆက်​သ​အံ့​သော​ငှာ၊ ငါ​တို့​သည် လူ​ခပ်​သိမ်း​တို့​ကို သ​တိ​ပေး၍ ပ​ညာ​အ​မျိုး​မျိုး​နှင့် ဆုံး​မ​သွန်​သင်​လျက် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။-

19 ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။